Tuesday, January 26, 2010

Labels:

The show ip interface Command

router မှာ အသုံးများတဲ့ verification commands များမှာ show interfaces နဲ့ commands တို့ ဖြစ်တယ်။ show ip interface command သည် router မှာ ရှိနေတဲ့ interfaces တွေရဲ့ IP address နဲ့ subnet mask တို့ ပါဝင်တဲ့ IP configuration ကို ပြသပေးတယ်။

Router> show ip interface [type [slot_#/] port_#]

show ip interface command ရဲ့ output ကို အောက်မှာ ပြသထားတယ်။

အထက်မှာ မြင်တွေ့ရတဲ့အတိုင်း ၊ ၄င်း command သည် interface ရဲ့ status ကို ပြသထားတယ်၊ IP address နဲ့ mask တွေကို ပြသထားတယ်။ interface မှာ direct broadcasts တွေ လက်ခံရရှိမယ်ဆိုရင် drop လုပ်လိမ့်မယ်။ interface မှာ apply လုပ်ထားတဲ့ access list ကို ပြသထားတယ်။ access list အကြောင်းကို Chapter 22 မှာ ဆွေးနွေးမယ်။

exam watch!
interface တစ်ခုမှာ ACL ကို apply လုပ်ထားသလား ဆုံးဖြတ်နိုင်ဖို့ show ip interface command ကို အသုံးပြုပါ။

အထက်ပါ show ip interface command မှာ brief parameter ထည့်လိုက်မယ်ဆိုရင် interface တစ်ခုစီအတွတ် description ကို တကြောင်းချင်းစီ ဖော်ပြလိမ့်မယ်။

router ရဲ့ interfaces တွေ၊ သူတို့ရဲ့ IP addresses နဲ့ statuses တွေကို အလျင်အမြန် ခြုံငုံကြည့်နိုင်ဖို့ show ip interface brief command သည် အလွန် အသုံးဝင်တယ်။ ဒီ command သည် switches တွေအပေါ်မှာလည်း အလုပ် လုပ်တယ်။

exam watch!
interfaces တွေရဲ့ IP addresses တွေနဲ့ သူတို့ရဲ့ operational state တွေကို အလျင်အမြန် ခြုံငုံကြည့်ရှုနိုင်ဖို့ show ip interface brief command ကို အသုံးပြုပါ။

Monday, January 25, 2010

Labels:

Bandwidth Parameter

interface အားလုံးမှာ သတ်မှတ်ထားတဲ့ bandwidth value တစ်ခု စီ ရှိတယ်။ OSPF နဲ့ EIGRP တို့လို routing protocols အချို့သည် routing decision ဆောင်ရွက်ရာမှာ ၄င်း bandwidth value ကို အသုံးပြုတယ်။ LAN-based interfaces တွေအတွတ်၊ interface ရဲ့ speed သည် ၄င်း interface ရဲ့ bandwidth value ဖြစ်လာတယ်။ bandwidth ကို kilo bit per second (Kbps) နဲ့ တိုင်းတာတယ်။ ဒါပေမယ့် synchronous serial interfaces များမှာ default bandwidth သည် 1554 Kbps ဒါမှမဟုတ် T1 link ရဲ့ speed ဖြစ်တယ်။ interface ရဲ့ physical clock rate မည်မျှပင် ဖြစ်စေကာမူ bandwidth သည် ၄င်း တန်ဖိုးအတိုင်းပင် ဖြစ်တယ်။ interface ရဲ့ bandwidth value ကို ပြောင်းလဲဖို့ bandwidth Interface Subconfiguration mode command ကို အသုံးပြုရမယ်။

Router (config)# interface serial [slot_#/] port_#
Router (config)# bandwidth rate_in_Kbps

ဥပမာ အနေနဲ့ clock speed 56,000 bps ရှိတဲ့ serial interface တစ်ခုရဲ့ bandwidth value ကို 56 Kbps သို့ ပြောင်းလဲဖို့

Router (config)# interface serial 0
Router (config-if)# bandwidth 56

exam watch!
bandwidth command သည် interface ရဲ့ clock rate ကို မပြောင်းလဲနိုင်ပါ။
clock rate command ကသာလျှင် ပြောင်းလဲပေးနိုင်တယ်။ bandwidth command သည် bandwidth ကို metric တစ်ခုအဖြစ် အသုံးပြုတဲ့ routing protocols များအပေါ်မှာသာ affect ဖြစ်တယ်။

Sunday, January 24, 2010

Labels:

Router Configuration

ဒီသင်ခန်းစာမှာ အခြေခံ IOS configuration commands တွေ ဖြစ်တဲ့ device အမည်ပြောင်းခြင်း၊ password သတ်မှတ်ခြင်း၊ interface တစ်ခုအတွတ် hardware characteristics သတ်မှတ်ခြင်း၊ interface တစ်ခုကို enable ပြုလုပ်ခြင်း နဲ့ CLI အတွင်း ရွေ့လျားခြင်း … စတဲ့ အကြောင်းအရာများအပေါ်မှာ ထပ်ဆင့် ဆွေးနွေးမှာ ဖြစ်တယ်။

Interface Configuration

ဒီသင်ခန်းစာမှာ additional interface configurations တွေဖြစ်တဲ့ interface တစ်ခုသို့ IP address သတ်မှတ်ခြင်း နဲ့ bandwidth metric ပြောင်းလဲခြင်း … စတဲ့ အကြောင်းအရာတွေ ဆွေးနွေးမယ်။ နောက်သင်ခန်းစာများမှာ interface configuration ကို verify ပြုလုပ်ဖို့ show commands အချို့အကြောင်း ဆွေးနွေးမယ်။

IP Addressing Information

router မှာ IP addressing information တွေကို set up ပြုလုပ်ဖို့ commands များစွာ အသုံးပြုနိုင်တယ်။ interface တစ်ခုမှာ IP address သတ်မှတ်ပေးဖို့ ဒီ commands တွေကို အများဆုံး အသုံးပြုပေမယ့် DNS ကို set up ပြုလုပ်ဖို့၊ directed broadcasts တွေကို ကန့်သတ်ဖို့ နဲ့ အခြား ကိစ္စတွေ အတွတ်လည်း commands တွေကို အသုံးပြု လုပ်ဆောင်နိုင်တယ်။ အောက်မှာ ၄င်း configurations အချို့ကို ဆွေးနွေးမယ်။

2960 လို layer 2 switches တွေမှာ remote management အတွတ် IP address တစ်ခုထည်းသာ လိုအပ်တယ်။ ဒါပေမယ့် IP traffic ကို route လုပ်မယ့် router ရဲ့ interface တစ်ခုစီအတွတ် unique IP address တစ်ခုစီ လိုအပ်တယ်။ router ရဲ့ interface တစ်ခုသည် သီးသန့် network တစ်ခု ဒါမှမဟုတ် subnet တစ်ခု ဖြစ်တယ်။ ဒါကြောင့် interface တစ်ခုစီအတွတ် IP addressing ကို သင့်လျော် မှန်ကန်စွာ လုပ်ဆောင်ဖို့ လိုအပ်တယ်။ interface တစ်ခုအတွတ် သတ်မှတ်ပေးလိုက်တဲ့ IP address သည် ၄င်း interface မှာ လာရောက်ချိတ်ဆက်မယ့် devices တွေရဲ့ default gateway ဖြစ်လာမယ်။ router ရဲ့ interfaces များမှာ IP address သတ်မှတ်ရာမှာ မှန်ကန်စွာ လုပ်ဆောင်ထားတဲ့ ဥပမာ နဲ့ မှားယွင်းစွာ လုပ်ဆောင်ထားတဲ့ ဥပမာ 2 ခုကို ကြည့်ကြပါစို့။ Figure 16-1 မှာ invalid configuration ရဲ့ ဥပမာကို ပြသထားတယ်။ ၄င်း ဥပမာမှာ network number (192.168.1.0/24) တစ်ခုကိုပဲ အသုံးပြုထားတယ်။ router ရဲ့ interface အသီးသီးမှာ တူညီတဲ့ network number တစ်ခုထည်း ရှိနေတာ သတိပြုပါ။ အကယ်၍ router မှာ ၄င်း addressing schema ကို configure လုပ်ဖို့ ကြိုးစားမယ်ဆိုရင် overlapping address error ဖြစ်မယ်။ သင့်လျော်မှန်ကန်တဲ့ addressing configuration ကို ပြီးပြည့်စုံအောင် လုပ်ဆောင်လို့ ရနိုင်မည် မဟုတ်ပါ။


ပုံ 16-2 မှာ ပြသထားတဲ့အတိုင်း interface တစ်ခုစီမှာ unique host address တစ်ခုစီ လိုအပ်တယ်။ router ရဲ့ interface တစ်ခုစီမှာ မတူကွဲပြားတဲ့ network number တစ်ခုစီရှိနေတာကို ၄င်းဥပမာမှာ တွေ့ရမယ်။ မည်သည့် host address ကို အသုံးပြုမည် ဆိုသည်ကို မိမိစိတ်ကြိုက် ရွေးချယ် သတ်မှတ်နိုင်တယ်။ administrators အများစုသည် network number ရဲ့ ပထမဆုံး ဒါမှမဟုတ် နောက်ဆုံး host address ကို အသုံးပြုကြတယ်။ ဒါပေမယ့် network number ရဲ့ မှန်ကန်တဲ့၊ အသုံးမပြုရသေးတဲ့ မည်သည့် host address ကိုမဆို အသုံးပြုနိုင်တယ်။ router မှာ IP address တစ်ခု configure လုပ်ဖို့ Interface Subconfiguration mode အတွင်းမှာ ရှိနေရမယ်။ ၄င်း command ရဲ့ syntax မှာ :

Router (config)# interface type [slot_#/] port_#
Router (config-if)# ip address IP_address subnet_mask အထက်ပါ syntax သည် 2960

switch မှာ IP address တစ်ခု configure ပြုလုပ်ရာမှာ အသုံးပြုတဲ့ အတူတူပင် ဖြစ်ကြောင်း တွေ့ရမယ်။ show interface ဒါမှမဟုတ် show ip interface command ကို အသုံးပြုပြီး IP addressing configuration ကို verify ပြုလုပ်နိုင်တယ်။ Figure 16-2 ရဲ့ ဥပမာကို အသုံးပြုထားတဲ့ IP addressing configuration ကို အောက်မှာ တွေ့ရမယ် :


exam watch!
router ရဲ့ interface တစ်ခုမှာ IP address ကို omit (ချန်လှပ်) လုပ်မယ်ဆိုရင် ၄င်း interface မှာ မည်သည့် IP traffic ကိုမှ process လုပ်လိမ့်မည် မဟုတ်ပါ။ router ရဲ့ interface တစ်ခုမှာ IP address ကို မှားယွင်းစွာ configure ပြုလုပ်ထားမိရင် ၄င်းကို ဖယ်ရှားဖို့ no ip address command ကို အသုံးပြုပါ။ interface မှာ သတ်မှတ်ထားပြီးဖြစ်တဲ့ IP address configuration ကို overwrite လုပ်ဖို့ ip address command ကို မှန်ကန်တဲ့ IP address ၊ subnet mask တို့နဲ့ အတူ အသုံးပြုနိုင်တယ်။